Project Management Professional ( PMP) Course ( MICEG – 1 /2016 )


မြန်မာအပြည်ပြည်ဆိုင်ရာ အတိုင်ပင်ခံအင်ဂျင်နီယာများအဖွဲ့ (MICEG) နှင့် Myanmar Financial Center တို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသော Project Management Professional ( PMP) Course ( MICEG – 1 /2016 ) ကို 5 / 6 / 19 / 20 နှင့် 21 ရက်နေ့များတွင် သင်တန်းသားဦးရေ ၄၁ ဦးဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲတွင် MICEG ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးသောင်းဝင်း ( ငြိမ်း)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး MFC ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်ပြည့်သီရိသော်ကလည်း အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသားများမှ ဆွေးနွေးတင်ပြချက်များပြုလုပ်၍ သင်တန်းကိုစတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းတစ်လျှောက်တွင် MICEG ၏အဖွဲ့ဝင် ဆရာဦးနေဝင်းမှ ကြီးကြပ်၍ လိုအပ်သည်များကို ကူညီပေးခဲ့ပါသည်။ သင်တန်းကာလ(၅)ရက်အတွက် CPD hour တစ်နေ့လျှင် ( ၆) နာရီဖြင့် စုစုပေါင်း နာရီ ( ၃၀ ) ကိုလည်း ပေးအပ်နိုင်ခဲ့ပါသည်။ 21.11.1016 ညနေ (၅) နာရီတွင် PMP အမှတ်စဉ် MICEG – 1 / 2016 သင်တန်းဆင်းပွဲ အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် MICEG ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးသောင်းဝင်း ( ငြိမ်း ) မှ အမှာစကားပြောကြား၍ MFC မန်နေဂျင်းဒါရိုက်တာ ဒေါ်ပြည့်သီရိသော် နှင့် သင်တန်းနည်းပြဆရာ ဦးစိုင်းအောင်မင်းမှ အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသားများမှလည်း ကျေးဇူးတင်စကားများနှင့် သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ပါသည်။ ညနေ (၆း၃၀)တွင် သင်တန်းဆင်းပွဲအခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ ဆက်လက်၍ အဆိုပါသင်တန်း အမှတ်စဉ် (၂ ) နှင့် အမှတ်စဉ် (၃) ကို ရန်ကုန်မြို့နှင့် နေပြည်တော်မြို့တွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။
Assessment Report Card များနှင့် Certificate များ ထုတ်ပေးမည့်နေ့ကို ထပ်မံအကြောင်းကြားပါမည်။ အသေးစိတ်သိရှိလိုပါက MICEG Office Phone : 09-456614356 / 09-773539369 ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 15171249_125025224649496_6154851865871221485_n 15284120_125025244649494_5434551629340493338_n